Saturday, April 7, 2012

ဆိုဒ်များကိုတိုက်ရိုက်မသွားဘဲ update Post များဖတ်မယ်…(Google Reader အသုံးပြုနည်း)

ပထမဦးစွာ google.com/reader တွင်သင်၏ Google Accounts ကို sign in လုပ်ပါ Google Reader စာမျက်နှာ၏ဘယ်ဘက်အခြမ်းမှ SUBSCRIBE ခလုပ်ကိုနှိပ်လိုက်ပြီး...
မိမိ RSS feed လိုက်ချင်သောဆိုဒ်တစ်ခု၏ url ဥပမာ www.news-eleven.com ကို copy/paste လုပ်ပြီး ညာဘက်ရှိ Add ခလုပ်ကိုနှိပ်လိုက်ပါ… ဤနည်းဖြင့် ဆိုဒ်များ၏ update သတင်းများကို သင်၏ Google Reader တွင်ဖတ်နိုင်ပါပြီ… Unsubscribe လုပ်လိုပါက ဘယ်ဘက်ရှိ subscriptions ခေါင်းစဉ်အောက်မှ သင် feed မလိုက်လိုသောဆိုဒ်နာမည်ပေါ်တွင် cursor တင်၍ ညာဖက်ရှိ အနက်ရောင် မျှားလေးကိုနှိပ်ပြီး unsubscribe > ok ပေးလိုက်ပါ... Firefox တွင် RSS feed ရှာနည်း… Tools > Page Info > Feeds > Subscribe > Add to Google Reader ထိုကဲ့သို့ အဆင့်ဆင့်ပြုလုပ်ပါ… (မှတ်ချက်…ဆိုဒ်တိုင်း RSS feed ကိုဖွင့်ထားလေ့မရှိပါ…ဖွင့်ထားသောဆိုဒ်များသာ feed လိုက်၍ရမည်) ဧဒင်ဥယျာဉ်မှ update blogpost များကို feed လိုက်ပုံအဆင့်ဆင့်… ပင်မစာမျက်နှာ > ဘယ်ဘက်အခြမ်းရှိ ဘလော့စာမျက်နှာများ အောက်ဆုံးမှ အားလုံးကြည့်မယ် > စာမျက်နှာအောက်ဆုံးရှိ RSS သင်္ကေတလေးကိုနှိပ်၍ feed လိုက်နိုင်ပါတယ်…
*အသိပညာဗဟုသုတများတိုးပွားနိုင်ကြပါစေ*

No comments:

Post a Comment